LibreOffice
LibreOffice သည်အခမဲ့လွတ်လပ် ရုံးသုံးဆော့ဖ်ဝဲ ဖြစ်သည်။ Document Foundation ၏ စီမံကိန်း (project) တစ်ခု ဖြစ်သည်။ ၎င်းသည် ၂၀၁၀ ခုနှစ်တွင် OpenOffice.org မှ ခွဲထွက်ခဲ့သည်။ ယခင်က StarOffice ၏ open-source ဗားရှင်းဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ LibreOffice တွင် စာရွက်စာတမ်း ပြုလုပ်ခြင်းလုပ်ငန်းများ၊ စာရင်းဇယားများ ပြုလုပ်ခြင်း၊ slideshow များပြုလုပ်ခြင်း၊ ပုံများရေးဆွဲခြင်း၊ ဒေတာဘေ့ (database) များနှင့် အလုပ်လုပ်ခြင်း၊ သင်္ချာပုံသေနည်းများဖြင့် တွက်ချက်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည်။ LibreOffice ကို ဘာသာစကား ၁၁၀ ဖြင့် အသုံးပြုနိုင်သည်။
LibreOffice 5.1 Start Center | |
မူလရေးသူ(များ) | StarDivision |
---|---|
ဆော့ဖ်ဝဲလ်ရေးသူ(များ) | The Document Foundation |
ပထမဆုံး ဖြန့်ချိခြင်း | ၂၅ ဇန်နဝါရီ ၂၀၁၁ |
ရီပိုစစ်တရီ | git.libreoffice.org/core |
မွမ်းမံမှု အခြေနေ | Active |
ပရိုဂရမ်းမင်း ဘာသာစကား | C++, Java, and Python |
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | Linux, Windows, macOS,[၁] FreeBSD, NetBSD, Android (Viewer) |
ပလက်ဖောင်း | IA-32, x86-64, ARMel, ARMhf, MIPS, MIPSel, PowerPC, Sparc, S390, S390x, IA-64 (additional Debian platforms)[၂] |
ရရှိနိုင်သော ဘာသာစကား | 110 languages[၃] |
ဆော့ဖ်ဝဲလ် အမျိုးအစား | Office suite |
လိုင်စင် | MPLv2.0 (secondary license GPL, LGPLv3+ or Apache License 2.0)[၄] |
ဝက်ဘ်ဆိုဒ် | libreoffice.org |
LibreOffice သည် နိုင်ငံတကာ ISO/IEC စံနှုန်းတစ်ခုဖြစ်သည့် ODF ဖိုင်အမျိုးအစားကို အသုံးပြုထားသည်။ ODF ၏ အရှည်မှာ OpenDocument file ဖြစ်သည်။ LibreOffice ၏ ဆော့ဖ်ဝဲတိုင်းတွင် အဆင်ပြေစေရန် ODF ပုံစံဖြင့် သိမ်းသည်။ LibreOffice သည် အခြားသော လူသုံးများသည့် ဖိုင်ပုံစံများကိုလည်း ထောက်ပံ့ပေးထားသည်။ ဥပမာ − Microsoft Office ဖြစ်ပြီး ထိုဖိုင်များသို့ ပြောင်းလဲခြင်း၊ သွင်းခြင်းများ (import/export)ကို လုပ်ဆောင်ပေးသည်။[၅][၆]
ကိုးကား
ပြင်ဆင်ရန်- ↑ System Requirements။ The Document Foundation (2011)။ 7 August 2015 တွင် ပြန်စစ်ပြီး။
- ↑ Debian – Details of package libreoffice in wheezy။ Debian project။ 16 February 2014 တွင် ပြန်စစ်ပြီး။
- ↑ LibreOffice Fresh download – pick language။ The Document Foundation။ 7 August 2015 တွင် ပြန်စစ်ပြီး။
- ↑ Licenses။ The Document Foundation။ 16 December 2015 တွင် ပြန်စစ်ပြီး။
- ↑ About Converting Microsoft Office Documents။ LibreOffice Help။ The Document Foundation (8 April 2013)။ 16 February 2014 တွင် ပြန်စစ်ပြီး။
- ↑ Features။ The Document Foundation။ 16 February 2014 တွင် ပြန်စစ်ပြီး။